Saturday, August 24, 2013

Viber For PC (ကွန်ပြူတာမှာ Viber သုံးနိုင်ပါပြီ။ Video Call ပါရသည်.)

Unknown | 9:28 AM | 1 Comment so far


 
 
ကွန်ပြူတာ အတွက် Viber ထွက်လာတာ  ကြာပါပြီ တချို့သောသူငယ်ချင်းတွေက အဆင်မပြေကြ ပါဘူး။ Install ပြီးတာနဲ့ ဖုန်းနံပါတ်ထည့်ပြီး အဲအဆင့်ကနေ ထပ်မတတ် တော့ပဲ တစ်နေကြပါတယ်။ ကျနော် ရှင်းပြပါမယ်။  အောက်က ကျနော့် ပေးထားတဲ့ viber ကိုဒေါင်းလိုက်ပါ။ ကွန်ပြူတာတွင် install မ လုပ်ခင် ကိုထည့်မဲ့ ဖုန်းနံပါတ်အတွက် ဖုန်းတလုံးရှိဖို့လိုအပ်ပါတယ်။ အချိန်မရတာကြောင့် ပုံနဲ့ မပြနိုင်တာ ခွင့်လွှတ်ပေးပါဗျာ။ ကျနော့်စက်မှာ တည့်နည်းလေးအတိုင်းရေးပေးလိုက်ပါမယ်...
  • အရင်ဆုံး ဖုန်းမှာ viber အရင်ထည့်ပါ။ ပြီးရင် ဖုန်းက အင်တာနက်ကို ဖွင့်ထားပါ။ 
  • ကွန်ပြူတာတွင် install လုပ်ပါ။
  • ပြီးရင် ခုနကဖုန်းမှာ Viber ထည့်ထားတဲ့ ဖုန်းနံပါတ်ကိုပဲ ကွန်ပြူတာ Viber မှာ ထည့်ပေးလိုက်ပါ။
  • Code ဖြည့်ရန် ပြလာပါမယ်။ ခနနေရင် မိမိဖုန်းရဲ့ Viber ထဲကို ကုတ်နံပါတ် ပို့ပေးပါမယ်အဲကကုတ် နံပါတ်ကို ကွန်ပြူတာတွင်ဖြည့်လိုက်ပါ....ဒီအဆင့်ပြီးရင်တော့ အဆင်ပြေပါပြီ...) ....
 ကဲ သူငယ်ချင်းတို့ ဒီလောက်ဆို လုပ်လို့ အဆင်ပြေမယ်ထင်ပါတယ်..။ အဆင်မပြေသောသူငယ်ချင်းများ ရှိပါက ကျနော့် အကောင့်(nyihtoo2@gmail.com) ကို အက်လာပါဗျာ Teamviewer ချိတ်ပြီး လုပ်ပေးပါမယ်။ Teamviewer သာ ကွန်ပြူတာမှာ install ထားပါ...။ PC အတွက် Viber ရဲ့ ပိုထူးခြားတာက Video Call ပါ free ခေါ်ဆိုနိုင်ပါတယ်...။
အောက်ကလင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ ဗျာ....။
 

Mozillafirefox မြန်မာ version

Unknown | 9:21 AM | Be the first to comment!



Mozillafirefox ကို မြန်မာဘာသာနဲ.အသုံးပြုခွင့်ပေးလိုက်ပါပြီ။

ဟဲဟဲ လာပါပီခင်ဗျ... Mozillafirefox ကို မြန်မာဘာသာနဲ့အသုံးပြုလို့ ရပါပီခင်ဗျ။

လိုချင်ရင်တော့ဒေါင်းယူနော်။

မိုက်တာတော့မိုက်တယ်ဗျ google ကိုမြန်မာဘာသာနဲ့အသုံးပြုခွင့်ပြီးတဲ့ နောက်ပိုင်း Mozillafirefox မှာလည်း မြန်မာဘာသာနဲ့ အသုံးပြုခွင့် ပေးခဲ့တာဖြစ်ပါတယ်။

၁ကလစ်နဲ့ဒေါင်းကြပါနော့် ။ window အတွက်ကော MAC OS X အတွက်ကော Linux Os အတွက်ကောတင်ပေးလိုက်ပါတယ်။

လင့်ခ်ကတော့ oneclick နဲ့တင်ပေးလိုက်ပါတယ်။



ဒိပြင်ဘာသာစကားတွေနဲ့လည်းရှိပါသေးတယ် လေ့လာပီး Download လုပ်ယူလိုသူတွေအတွက် http://www.mozilla.org/en-US/firefox/all-aurora.html ကိုသွားရောက်လေ့လာနိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...