Monday, July 29, 2013

Cmd နဲ့ သူများကွန်ပျူတာကိုshutdown လှမ်းချမယ်..

Unknown | 8:00 AM | Be the first to comment!
 ပထမဦးဆုံး Command Prompt ကိုဖွင့်နည်း

Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။

Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။

Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။
တခြားကွန်ပျူတာကို shutdown လုပ်ချင်ရင်

(ကျွန်တော် က စဖို့နောက်ဖို့ပြောပြတာနော်. တကယ်တမ်း cmd ကိုကိုင်တတ်ပြီဆို အခြားကွန်ပျူတာ ရဲ့

Task တွေကိုပါ ပိတ်နိုင်ပါတယ် kill လုပ်နိုင်ပါတယ်ခင်ဗျ   တကယ်လို့ခုစာဖတ်နေတဲ့လူက လုပ်တတ်ပါတယ်ဆိုရင်တောင်မလုပ်ဖို့တောင်းပန်ပါရစေခင်ဗျာ…)

ကဲ..စမယ်..

အရင်ဆုံးသူများကွန်ပျူတာကို shutdown လုပ်ချင်တာဆိုတော့..ကိုshutdown လုပ်ချင်တဲ့ကွန်ပျူတာရဲ့နာမ်မည်ကိုသရမှာဖြစ်ပါတယ်(IP address , hostname)လို့ခေါ်ပါတယ်ခင်ဗျ..

အရင်ဆုံးနာမ်မည်သိဖို့cmd ခေါ်  လိုက်ပါဦးခင်ဗျ..အပေါ်မှာပြထားတယ်နော်..

စာနည်းနည်းဝင်ရိုက်လိုက်ရအောင်

ipconfig/all

လို့ရိုက်ပါ့မယ်..

ကျလာပါပြီဗျာ…သူရဲ့ IP နဲ့ DNS server address တွေအားလုံး …

အောက်ကလိုပေါ့ဗျာ..

တွေ့တယ်ဟုတ် ip address,host name က 04  တဲ့ဗျာ..

ကဲအဲ့  ငတိ(ဟီးးငတိသာပြောတာ  နော်ကခုမှ၁၇နှစ်တောင်ပြည့်သေးတာဟုတ်ဝူး..ခိခိ ဟဲ..ဂယ်ပြောရာညော်နောက်ဝူး)

ကိုလှမ်းနောက်လိုက်ရအောင်

နာမ်မည်သိပြီဆိုတော့ shutdown လုပ်ဖို့ cmd မှာ နောက်ထပ်စာနည်းနည်းရိုက်လိုက်ရအောင်ဗျာ

Shutdown/i

အောက်ကလို box လေးကျလာပါလိမ့်မယ်

ပြောပြစရာတောင်မလိုလောက်တော့ဘူးထင်တယ်နော်..ဟဲ..

မလိုလည်းဝါသနာအရဆက်ပြောမယ်ဗျာ..ခိခိ☺☺☺

Computer: မှာ ကိုစချင်တဲ့ကွန်ပျူတာနာမ်မည်ကိုရိုက်ပါ့မယ်

(ကျွန်တော်ခုနကတွေ့တာက 04 ဆိုတာလေးနော်)

ရိုက်လိုက်ဗျာ..shutdown လုပ်မှာလား(တခြားဟာတွေတော့သိချင်ရင်ကိုယ့်ဟာကိုစမ်းကြည့်နော်ပြောပြပု)

Restart လုပ်မှာလား ဆိုတာလေးမှာ ကြိုက်တာလေးရွေးပြီးOK ပေးလိုက်ပါ

ဟီးးတစ်ဖက်လူကတော့ တော်တော်ကိုစိုးရိမ်သွားပါပြီ…သူ့ကွန်ပျူတာလေးလကားနေရင်

ပိတ်တွားတာကိုးးး
အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...