ပထမဦးဆုံး Command Prompt ကိုဖွင့်နည်း
Command Prompt ကို Command
Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start
ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့
ရိုက်ထည့်လိုက်ပါ။ ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင်
အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို
ရွေးလိုက်ပါ။ Windows Command Processor က system ကို
ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။
ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command
ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။
တခြားကွန်ပျူတာကို shutdown လုပ်ချင်ရင်
(ကျွန်တော် က စဖို့နောက်ဖို့ပြောပြတာနော်. တကယ်တမ်း cmd ကိုကိုင်တတ်ပြီဆို အခြားကွန်ပျူတာ ရဲ့
Task
တွေကိုပါ ပိတ်နိုင်ပါတယ် kill လုပ်နိုင်ပါတယ်ခင်ဗျ
တကယ်လို့ခုစာဖတ်နေတဲ့လူက
လုပ်တတ်ပါတယ်ဆိုရင်တောင်မလုပ်ဖို့တောင်းပန်ပါရစေခင်ဗျာ…)
ကဲ..စမယ်..
အရင်ဆုံးသူများကွန်ပျူတာကို
shutdown လုပ်ချင်တာဆိုတော့..ကိုshutdown
လုပ်ချင်တဲ့ကွန်ပျူတာရဲ့နာမ်မည်ကိုသရမှာဖြစ်ပါတယ်(IP address ,
hostname)လို့ခေါ်ပါတယ်ခင်ဗျ..
အရင်ဆုံးနာမ်မည်သိဖို့cmd ခေါ် လိုက်ပါဦးခင်ဗျ..အပေါ်မှာပြထားတယ်နော်..
စာနည်းနည်းဝင်ရိုက်လိုက်ရအောင်
ipconfig/all
လို့ရိုက်ပါ့မယ်..
ကျလာပါပြီဗျာ…သူရဲ့ IP နဲ့ DNS server address တွေအားလုံး …
အောက်ကလိုပေါ့ဗျာ..
တွေ့တယ်ဟုတ် ip address,host name က 04 တဲ့ဗျာ..
ကဲအဲ့ ငတိ(ဟီးးငတိသာပြောတာ နော်ကခုမှ၁၇နှစ်တောင်ပြည့်သေးတာဟုတ်ဝူး..ခိခိ ဟဲ..ဂယ်ပြောရာညော်နောက်ဝူး)
ကိုလှမ်းနောက်လိုက်ရအောင်
နာမ်မည်သိပြီဆိုတော့ shutdown လုပ်ဖို့ cmd မှာ နောက်ထပ်စာနည်းနည်းရိုက်လိုက်ရအောင်ဗျာ
Shutdown/i
အောက်ကလို box လေးကျလာပါလိမ့်မယ်
ပြောပြစရာတောင်မလိုလောက်တော့ဘူးထင်တယ်နော်..ဟဲ..
မလိုလည်းဝါသနာအရဆက်ပြောမယ်ဗျာ..ခိခိ☺☺☺
Computer: မှာ ကိုစချင်တဲ့ကွန်ပျူတာနာမ်မည်ကိုရိုက်ပါ့မယ်
(ကျွန်တော်ခုနကတွေ့တာက 04 ဆိုတာလေးနော်)
ရိုက်လိုက်ဗျာ..shutdown လုပ်မှာလား(တခြားဟာတွေတော့သိချင်ရင်ကိုယ့်ဟာကိုစမ်းကြည့်နော်ပြောပြပု)
Restart လုပ်မှာလား ဆိုတာလေးမှာ ကြိုက်တာလေးရွေးပြီးOK ပေးလိုက်ပါ
ဟီးးတစ်ဖက်လူကတော့ တော်တော်ကိုစိုးရိမ်သွားပါပြီ…သူ့ကွန်ပျူတာလေးလကားနေရင်
ပိတ်တွားတာကိုးးး
အဆင်ပြေကြပါစေ။