Saturday, March 2, 2013

Unknown | 4:04 AM | 2 Comments so far
Photoshop လေ့ကျင့်ခန်းများကိုအချိန်ရ ရင်ရသလို တင်ပြပေးသွားပါ့မယ်။အခုတင်ပြမယ့် အကြောင်းအရာကတော့နောက်ခံဒီဇိုင်းပြောင်းထည့်နည်းတစ်နည်းပါ။အလွယ်တကူလိုက်ပါဆောင်
ရွက်နိုင်အောင် တင်ပြလိုက်ပါတယ်။
ဒါကတော့ မင်းသမီးချော သဇင်ရဲ့ဓာတ်ပုံလေးပါ။



အခုနောက်ခံပြောင်းပြီးရရှိလာတဲ့ပုံလေးပါ။
ထုံးစံအတိုင်း မူလဓာတ်ပုံလေးကို သင့်ကွန်ပျူတာထဲကို ကူးထည့်လိုက်ပါ။
အဆင့်(၁)
Photoshop ကိုသုံးပြီး သဇင်ရဲ့မူလဓာတ်ပုံလေးကိုဖွင့်လိုက်ပါ။

Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C နှိပ်ပြီး Copy ကူးပါ။ Ctrl + V နှိပ်ပြီး Paste လုပ်ပါ။
Layer Palette မှာ Layer1 ဆိုပြီး Layer အသစ်ပေါ်လာပါမယ်။
အဆင့်(၂)
Filter menu က Extract…ကိုရွေးလိုက်ပါ။

အောက်ပါအတိုင်းပေါ်လာပါမယ်-
Brush size ကို 30 မှာ ထားလိုက်ပါ။
သဇင်ရဲ့ပတ်လည်ကို စိတ်ရှည်လက်ရှည်လေး Mouse ကိုဖိဆွဲလိုက်ရင် အစိမ်းရောင်လေးပေါ်လာပါမယ်။
Fill Tool ကို ရွေးလိုက်ပါ။
သဇင်ရဲ့တစ်နေရာရာမှာ Click လုပ်လိုက်ပါ။ အပြာရောင်ပေါ်လာပါမယ်။
Preview ကို Click လုပ်ပါ။ အောက်ပါအတိုင်းရရှိပါမယ်။
OK ကို Click လုပ်လိုက်ပါ။
အဆင့်(၃)
Background Layer ကို Click လုပ်ပါ။

Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Delete လုပ်ပါ။ Gradient Tool ကို ရွေးချယ်ပါ။
Orange, Yellow, Orange အရောင်ကို ရွေးလိုက်ပါတယ်။ မိမိနှစ်သက်တာကိုလည်းရွေးချယ်နိုင်ပါတယ်။
ဘယ်ဖက်အပေါ်ထောင့်ကနေ ညာဖက်အောက်ထောင့်ကို ဆွဲချလိုက်ပါ။
အဆင့်(၄)
Layer1 ကို Click လုပ်ပါ။

Zoom Tool ကို ရွေးချယ်ပါ။
ဆံပင်ဘေးမှာ အပြာကွက်ပေါ်နေတဲ့နေရာကို Click လုပ်ပြီး 200% အထိ ချဲ့လိုက်ပါ။
Polygonal Lasso Tool ကိုရွေးလိုက်ပါ။
အောက်မှာပြထားတဲ့အတိုင်း Select လုပ်ပါ။
Delete Key ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၅)
Hand Tool ကို Double Click လုပ်ပါ။

အဆင့်(၄)မှာလုပ်တဲ့နည်းအတိုင်း သဇင်ရဲ့ဘေးက အပြာရောင်လေးတွေကို ဖျောက်ပေးပါ။
နောက်ခံဒီဇိုင်းပြောင်းထားတဲ့ အောက်ပါပုံလေးကို ရရှိမှာဖြစ်ပါတယ်။
မိမိနှစ်သက်တဲ့ဓာတ်ပုံများနဲ့လည်း ဖန်တီးနိုင်ပါမယ်။ မိမိဥာဏ်ရှိသလို လိုအပ်တဲ့နေရာတွေမှာ ထည့်သွင်းပြီး ဒီဇိုင်းများဖန်တီးပေးနိုင်ရန် တင်ပြပေးလိုက်တာဖြစ်ပါတယ်။ နည်းပညာများတိုးပွားပါစေ။

Friday, March 1, 2013

Gmail အကောင့်အတွက် ဖုန်းနံပါတ်မလိုတဲ့ နည်းလမ်းသစ်

Unknown | 6:12 AM | Be the first to comment!






ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

Unknown | 5:25 AM | 1 Comment so far


အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ်
Unknown | 5:22 AM | Be the first to comment!

WINDOW 7 တင်နည်းမြန်မာလိုစာအုပ်




WINDOW 7 တင်နည်းမြန်မာလိုစာအုပ် 753Kdb

facebook မှာနောက်ခံဘက်ဂရောင်ပြောင်းနည်း

Unknown | 5:16 AM | Be the first to comment!


facebook  မှာ ဘယ်လိုဘက်ဂရောင်းပြောင်းမလဲဆိုတော့   
ပထမဦးဆုံး http://www.get-styles.com/ ကို သွားလိုက်ပါ....
plug-ins တွေ အများကြီးပေးထားတယ်ဗျ...ဘယ်ဟာကိ
ု ဒေါင်းလော့ဆွဲဆွဲ သုံးလို့ရတယ်ဗျ....
Mozilla ရော IE အတွက်ပါပေးထားတယ်....
အဲမှာ select ဆိုတာလေးကို နှိပ်ပြီး plug-ins လေးကို ဒေါင်းလိုက်ပါ....
ဒေါင်းပြီးသွားရင် Run လိုက်ပါ....Click 'Yes' to confirm the installaion
Run လိုက်ရင် သူက မော်ဇီလာကို ခဏပိတ်လိုက်ပါလိမ့်မယ်...Effect ဖြစ်အောင်လို့ပါ...
ပြီးရင် မော်ဇီလာကို ပြန်ဖွင့်လိုက်ပေါ့...ပြီး၇င် သူ့ဆိုဒ်ကို ပြန်သွားပြီးတော့
ကိုယ်သုံးချင်တဲ့ plug-ins ကို select လုပ်ပေးရမှာပါ....
ဒါဆို ရင် ရသွားပါပြီ.....ဖေ့ဘုတ်ထဲကို ၀င်ကြည့်လိုက်ပါ...ပြောင်းသွားပါလိမ့်မယ်...

သူများစက်ကိုဝင်ကြည့်လို့ ရတဲ့ နည်းလေးပါ

Unknown | 5:02 AM | Be the first to comment!


အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ ရေးတဲ့ post လေးကတော့ Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူနည်းလေးကိုတင်ပြလိုက်ပါတယ်ပါတယ်။
Unknown | 4:25 AM | Be the first to comment!

Related Posts Plugin for WordPress, Blogger...