Teamviewer က ကွန်ပြုတာ တစ်လုံးနဲ့ တစ်လုံး အဝေးတစ်နေရာကနေ ဝင်ကြည့်လိုရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကွန်ပြုတာနဲ့ ပတ်သတ်တဲ့ အကူအညီပေးတာတွေ၊ သင်ပြပေးတာတွေ လုပ်လို့ရပါတယ်။ Free Softwares ပါ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ အင်တာနက်လိုင် ရှိနေဖို့တော့ လိုအပ်ပါတယ်။ သူကို install သွင်းပြီးရင် ပုံမှာပုံထားတဲ့ အတိုင်း ID နဲ့ Password ဘေးနာမှာ စကားဝှက်ကုတ်နိပါတ်တွေ ပေါ်လာပါတယ်။ အဲဒီ ID နဲ့ Password ကို တစ်ဖက်လူကို ပေးလိုက်ယုံနဲ့ ကိုယ်ကွန်ပြုတာထဲကို သူဝင်ရောက်လာလို့ရပါတယ်။ အဲလိုမျိုးပဲ တစ်ဖက်ကွန်ပြုတာကို ကိုယ်က ဝင်ရောက်ချင်တယ် ဆိုရင် သူဆီက ID နဲ့ password ကို ကိုယ်တောင်းထားရပါမယ်။ ပြီးရင်
(၁) create session အောက်က ID အကွက်မှာ ကိုဝင်ချင်တဲ့ကွန်ပျူတာရဲ့ ID စကားဝှက်ကို ရိုက်ထည့်လိုက်ပါ။
(၂) remote support မှာ အမှန်ခြစ်ပေးပါ။
(၃) connect to partner ကိုနှိပ်လိုက်ပါ ။
(၄) ခဏလေးကြာရင် password တောင်းလာပါလိုက်မယ်။ တစ်ဖက်ဆီက password ကို ရိုက်ထည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ် .
(၅) password ကိုရိုက်ထည့်ပေးလိုက်ပါ .. အဆင်ပြေပြေနဲ့ တစ်ဖက်ကွန်ပျူတာကို ၀င်လို့ရသွားပါပြီ .. ကွန်ပြုတာကို Restart တစ်ခါချရင် ID နဲ့ Password တစ်လုံးပြန်ပြောင်းပါတယ် .. နောက်တစ်ခါ ထပ်ဝင်ချင်ရင် ID နဲ့ Password ကို နောက်တစ်ခါ ပြန်တောင်းရပါမယ်။
အလိုရှိသူများ ဒီမှာ ဒေါင်းလောင်ဆွဲပြီး install သွင်းလိုက်ပါ။ မူရင်းဆိုက်မှာ သွားပြီး downloads ဆွဲလည်းရပါတယ်။ မှာရင်းဆိုက်က ဒီမှာပါ။ http://www.teamviewer.com/en/index.aspx
No comments:
Post a Comment