1. မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက်
ZawGyi ( fount) တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font
ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။
Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့်အဆင့်များကို ဖော်ပြပါ
ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
(Step 1) Sign in to blogger
Step 2)
Display name (or) Author name
Step 3) Name your blog
Step 4) Choose your
template Step
5) Publish your first pest
မှတ်ချက်။ ။
ထိုအဆင့်များပြီးဆုံးလျင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။
Step1) Sign to
Blogger မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက်
www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။
သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင်
www.blogger.com
ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏
အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English
ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင်
၎င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျင် Keyboard မှ Enter
ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။
Step 2) Display Name (0r)
Author Name မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက
Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။
Display name နေရာတွင်
မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့
အမည်ကို Blog မှာတင်သမျ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။
သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့်
ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display
name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ
ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service
ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင် Click တချက်နှိပ်ပါ။ ပြီးလျင်
Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display
name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု
အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး
မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။ Step3) Name your Blog
ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို
သတ်မှတ်ထည့်သွင်းပေးရပါမယ်။
စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog
title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ
ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို
Blog Title တွင် ရိုက်ထည့်ရာတွင် Title ကို မြန်မာလို ပေးချင်ပါကလည်း
ပေးနိုင်သည်။
URL (or) Blog Address Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ
မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း
လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog
title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို
အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။ မိမိရွေးချယ်ထည့်သွင်းမည့်
စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg
လိပ်စာအပြည့်အစုံ
http://www.name.blogspot.com
ဖြစ်ပါလိမ့်မည်။
Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ
မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက်
မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။
Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့်
တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။ လိပ်စာတူရှိနေရင် အနီရောင်
စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။