Showing posts with label mobile. Show all posts
Showing posts with label mobile. Show all posts

Tuesday, December 3, 2013

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

Unknown | 7:52 AM | Be the first to comment!




ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း
 အရင်ကတင်ပေးထားခဲ့ဘူးပါတယ်......ပြန်တင်ပေးလိုက်တာပါ.....
လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> 
Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် 
အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install 
လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...

3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့
 Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း 
အမျိုးအစားကို ရွေးပေးပါ... 
မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) 
ကိုယ့်ဖုန်းကို သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..
 6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember 
ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်. ဒါလုပ်ပြီး 
သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်... 

အဆင်ပြေကြ ပါစေ

Tuesday, July 2, 2013

GSM ဖုန်းနဲ့ အင်တာနက် Free အလကား သုံးနည်းပါတဲ့

Unknown | 8:07 AM | Be the first to comment!





ကျနော်ကိုယ်တိုင်တော့ စမ်းမကြည့်ရသေးပါဘူး ။


ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု လုပ်နည်း
******************************
**********

ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)

မူရင်းအတိုင်း ကူးယူတင်ပြပေးလိုက်ပါတယ်

ဖုန်း ရဲ့ အင်တာနက် ကို Bluetooth ဖြင့် ကွန်ပြူတာ နှင့်ချိတ်ဆက် ပြီး အင်တာနက် သုံးစွဲနည်း

Unknown | 8:02 AM | Be the first to comment!

  Bluetooth ပါသော ဟန်းဆက်နှင့် ကွန်ပျူတာ ချိတ်ဆက်နည်း  (၁)
၁။ ကွန်ပျူတာ သို. Laptop မှ ပါသော Bluetooth ကို အရင်ဖွင့်ပါ ပီးရင် ချိတ်ဆက်မယ့် ဖုန်းမှ Bluetooth ကိုဖွင့်ပါ။
၂။ပြီးရင် ကွန်ပျူတာမှ Bluetooth Icon ပေါ်ကို Right Click ထောက်ပါ။

၃။ အဲ.ဒီမှာ Join a Personal Area Network ကိုေ၇ွးပါ။
၎။ Control Panel\Hardware and Sound\Devices and Printers ဆိုတဲ.windows ကျလာပါလိမ်.မယ်.။
၅။ Add device ကိုနှိပ်ပါ။ ကွန်ပျူတာမှ အလိုအလျှောက်ရှာနေပါလိမ်.မယ်.။
၆။ ချိတ်ဆက်မယ့်ဖုန်းကိုတွေ.ရင် ok or. Next ကိုနှိပ်ပါ။
၇။ ခုနက Control Panel\Hardware and Sound\Devices and Printers အောက်မှာ ကိုယ်ရှာလိုက်တဲ. သို. ကိုယ်ချိတ်ဆက်မယ့် ဖုန်းလေးတွေ.ပါလိမ်.မယ် ။တွေ.ရင် Right Click ထောက်ပီး Connect Using > accept point (သို.) Left click နှိပ်ရင် အပေါ်ဘားမှာ accept point တွေ.ပါလိမ်.မယ်။အဲဒီမှာ ကလစ်လည်းရပါတယ်.။
၈။ Auto Connecting လုပ်နေပါလိမ်.မယ်။ ဖုန်းနဲ.ကွန်ပျူတာနဲ.ချိတ်တာ အောင်မြင်သွားခဲ.ရင်တော. Task Bar မှာ မြင်နေရတဲ. ၀ိုင်ဖိုင် အိုင်ကွန်လေးက Connection access ဖြစ်သွားပါလိမ်.မယ်။
http://www.mobilehouse.co.nr
ဖုန်းမှ Bluetooth ဖြင့် အင်တာနက်ချိတ်ဆက်နည်း (၂ )
ပထမဦးဆုံး Control Panel . Network and Internet..Network and Sharing Center
အဲဒီထိရောက်အောင်သွားပါ။ပြီး ရင် အောက်မှာ setup a new connection network ကို ကလစ်ပါ။
ဘောက်တစ်ခုကျလာပါလိမ်.မယ်။
အဲဒီမှာ အောက်ဆုံးမှာ Bluetooth Personal Area Network ကိုရွေးပါ။
ပြီးရင် Next ကိုကလစ်ပါ။
Control Panel\Hardware and Sound\Devices and Printers ဆိုတဲ.windows ကျလာပါလိမ်.မယ်.။
Add device ကိုနှိပ်ပါ။ ကွန်ပျူတာမှ အလိုအလျှောက်ရှာနေပါလိမ်.မယ်.။
ချိတ်ဆက်မယ့်ဖုန်းကိုတွေ.ရင် ok or. Next ကိုနှိပ်ပါ။
ခုနက Control Panel\Hardware and Sound\Devices and Printers အောက်မှာ ကိုယ်ရှာလိုက်တဲ. သို. ကိုယ်ချိတ်ဆက်မယ့် ဖုန်းလေးတွေ.ပါလိမ်.မယ် ။တွေ.ရင် Right Click ထောက်ပီး Connect Using > accept point (သို.) Left click နှိပ်ရင် အပေါ်ဘားမှာ accept point တွေ.ပါလိမ်.မယ်။အဲဒီမှာ ကလစ်လည်းရပါတယ်.။
Auto Connecting လုပ်နေပါလိမ်.မယ်။ ဖုန်းနဲ.ကွန်ပျူတာနဲ.ချိတ်တာ အောင်မြင်သွားခဲ.ရင်တော. Task Bar မှာ မြင်နေရတဲ. ၀ိုင်ဖိုင် အိုင်ကွန်လေးက Connection access ဖြစ်သွားပါလိမ်.မယ်။
 အဆင်ပြေကြပါစေ

Thursday, March 21, 2013

SIM Card အကြောင်း သိကောင်းစရာ

Unknown | 6:34 AM | Be the first to comment!




SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။

Monday, March 18, 2013

mobile မှတဆင့်ဖုန်းနံပါတ် မပေါ်အောင်ခေါ်နည်း

Unknown | 8:00 AM | 3 Comments so far



ဒီပို့စ်လေးကတော့ကိုယ့်သူငယ်ချင်းအချင်းစနောက်ချင်တဲ့သူတွေအတွက်ဖုန်းနံပါတ်မပေါ်အောင်ခေါ်ဆိုနိုင်တဲ့
နည်းလေးပါ။ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်
အသုံးပြုပုံကတော့
example>>>>>*67phone number
အဆင်ပြေကြပါစေ။ 
  

မိုဘိုင်းဖုန်းမှ တခြား Computer, MobilePhone,Tablet များသို့ အင်တာနက် ရှယ်ယာ လုပ်နည်း

Unknown | 6:38 AM | | Be the first to comment!



အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ 
အင်တာနက်လိုင်း ရတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။
 Wi-Fi hotspot တစ်ခု တည်ဆောက်မှာမို့ ဖုန်းရဲ့ Settings ကို အရင်ဖွင့်ပါ။ Wireless & networks ကိုရှာပြီး select လုပ်ပါ။ ကွန်နက်ရှင်ကို Share ပေးမှာမို့ Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။
 အခြား devices များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး Security Password ပေးရပါမယ်။
Configure WLAN hotspot ထဲမှာ Network SSID, Security, Password ဆိုတဲ့ tabs သုံးခုကို တွေ့ရမယ်။
Network SSID မှာ စိတ်ကြိုက် SSID Name ပေးလို့ ရတယ်။ 
 Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ 
Password ကတော့ မိမိ စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် (၈) လုံး အထိ ရိုက်ထည့်ပေးရပါမယ်။
 ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် သုံးလို့ရပြီ
Related Posts Plugin for WordPress, Blogger...