အပျင်းပြေပေါ့ဗျာ ..
အင်တာနက်သုံးနေရင်း ဗဟုသုတလည်းရ အသစ်အဆန်းလေးတွေလည်း
လေ့လာနိုင်မယ့် Website လေးတစ်ခုကို မိတ်ဆက်ပေးပါမယ် ..
အဲဒီ Website မှာ ကျွန်တော်တို့နေထိုင်တဲ့ စကြ၀ဠာကြီးတစ်ခုလုံးအကြောင်းကို
စိတ်ဝင်စားစရာလေ့လာနိုင်မှာ ဖြစ်ပါတယ် ...
စကြ၀ဠာကြီးကို အဝေးတစ်နေရာကနေ လှမ်းကြည့်လို့ မြင်ရမယ့် အနေအထားကနေ
တဖြည်းဖြည်း စကြ၀ဠာထဲ တိုးတိုးပြီးဝင်သွားလိုက်တာ .. လမ်းတလျှောက်မှာရှိတဲ့
ဂြိုလ်တွေအကြောင်းကိုလည်း လေ့လာမှတ်သားသွားနိုင်ပါတယ် ..
အဲဒီလို တဖြည်းဖြည်းတိုးဝင်သွားရင်းနဲ့ ဘယ်လောက်ထိအောင် လေ့လာခွင့်ရမလဲဆိုရင်
မိုက်ခရိုစကုပ်နဲ့တောင် ကြည့်လို့မရတော့လောက်အောင် သေးငယ်တဲ့ အခြေအနေအထိရှိတဲ့
အရာတွေအကြောင်းကိုပါ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ..

အောက်ကပုံအတိုင်း Website ကိုရောက်သွားပါ့မယ် ..
အဲဒီမှာ Loading ကို ပြည်အောင်စောင့်ပေးလိုက်ပါ ..
Loading ပြည့်သွားရင် Start ဆိုတာပေါ်လာပါမယ် .. Start ကိုနှိပ်လိုက်ရင်
အောက်ကပုံအတိုင်း စကြ၀ဠာခရီးစဉ်ကြီး စတင်ရုံပါပဲ ..
မောက်မှာပါတဲ့ Scroll ဘီးလေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ခရီးဆက်လိုက်ပါ ..
လမ်းမှာတွေ့သမျှ အရာတွေအားလုံးထဲက ကိုယ်သိချင်တဲ့ အရာလေးများတွေ့ရင်
အဲဒီနေရာလေးကို ကလစ်နှိပ်လိုက်ပါ .. အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ် ...
ခရီးဆက်မယ်ဆိုရင်တော့ မောက်က Scroll Wheel ကို လက်ညှိုးလေးနဲ့ထိပြီး လီဗာတင်လိုက်ပေါ့ဗျာ

အိုင်တီမုဆိုး မှကူးယူဖော်ပြခြင်းဖြစ်ပါသည်

[ Please click me tender ]

No comments:
Post a Comment