Monday, March 18, 2013

မိုဘိုင်းဖုန်းမှ တခြား Computer, MobilePhone,Tablet များသို့ အင်တာနက် ရှယ်ယာ လုပ်နည်း

Unknown | 6:38 AM | |



အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ 
အင်တာနက်လိုင်း ရတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။
 Wi-Fi hotspot တစ်ခု တည်ဆောက်မှာမို့ ဖုန်းရဲ့ Settings ကို အရင်ဖွင့်ပါ။ Wireless & networks ကိုရှာပြီး select လုပ်ပါ။ ကွန်နက်ရှင်ကို Share ပေးမှာမို့ Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။
 အခြား devices များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး Security Password ပေးရပါမယ်။
Configure WLAN hotspot ထဲမှာ Network SSID, Security, Password ဆိုတဲ့ tabs သုံးခုကို တွေ့ရမယ်။
Network SSID မှာ စိတ်ကြိုက် SSID Name ပေးလို့ ရတယ်။ 
 Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ 
Password ကတော့ မိမိ စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် (၈) လုံး အထိ ရိုက်ထည့်ပေးရပါမယ်။
 ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် သုံးလို့ရပြီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...